Myanmar’s Pride Awards
Myanmar’s Pride Awards သည် ကဏ္ဍအသီးသီးတွင် ကမ္ဘာကလေးစားအသိအမှတ်ပြုရလောက်သည်အထိ တစ်ဖက်ကမ်းခတ်ထူးချွန်သော၊ အများက လေးစားရသော ပုဂ္ဂိုလ်များကို ရှာဖွေဖော်ထုတ်ကာ ဂုဏ်ပြုချီးမြှောက်သည့် ဆုချီးမြှင့်ရေးအစီအစဉ်တစ်ခုဖြစ်ပါသည်။
ဤဆုချီးမြှင့်ရေးအစီအစဉ်သည် ကဏ္ဍအမျိုးမျိုးတို့မှ နိုင်ငံတကာတွင်ရင်ဘောင်တန်းနိုင်သော စွမ်းဆောင်ရှင်များကို ဆုပေးရန်ရွေးချယ်ရာ၌ အများပြည်သူတို့ကပေးသော မဲများနှင့် အကဲဖြတ်ဒိုင်လူကြီးတို့၏မဲများကို ပေါင်းစပ်ကာ ရွေးချယ်မည်ဖြစ်ပါသည်။ ယခုအစီအစဉ်သည် မြန်မာ့လူငယ်များကို ထိုထူးချွန်သူများကဲ့သို့ အောင်မြင်မှုဆွတ်ခူးနိုင်စေလိုသည့်အတွက် စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးရန် ရည်ရွယ်ပါသည်။
အုပ်ချုပ်ရေး
ဘုတ်အဖွဲ့
ဘုတ်အဖွဲ့
အကြောင်း
မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို အလေးအနက်ထားသည့်အတွက်
မြန်မာကို ကမ္ဘာကသိလာအောင် ဂုဏ်ဆောင်ပေးခဲ့သော ပါရမီရှင်များအား
Myanmar’s Pride Awards ချီးမြှင့်၍ အသိအမှတ်ပြုခြင်း ဖြစ်ပါသည်။
မျက်မှောက်ခေတ် မြန်မာ့လူ့အဖွဲ့အစည်းကို လမ်းညွှန်ပုံဖော်ပေးနေသည့်
လေးစားအားကျဖွယ်ကောင်းသော စံပြပုဂ္ဂိုလ်များ၏ အကူအညီဖြင့်
ထက်မြက်သောအရည်အချင်းရှိသည့် ပါရမီရှင်များကို ရှာဖွေလျက်ရှိသည်။
ထိုကဲ့သို့ ပါရမီရှင်များမှာ လက်ရှိမြန်မာနိုင်ငံကို ပုံဖော်နေရုံသာမက
အနာဂါတ်နိုင်ငံတော်အတွက်ပါ လမ်းဖောက်နေသူများလည်း ဖြစ်၏။
ဆုရရှိနိုင်ရန် သတ်မှတ်ချက်များမှာ အလွန်မြင့်မားသော်လည်း
ကြိုးစားယှဉ်ပြိုင်ရယူထိုက်သည့် ဆုတံဆိပ်တစ်ခုပင် ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို
အလေးအနက်ထား
သည့်အတွက် မြန်မာကို
ကမ္ဘာကသိလာအောင်
ဂုဏ်ဆောင်ပေးခဲ့သော
ပါရမီရှင်များအား Myanmar’s Pride Awards
ချီးမြှင့်၍ အသိအမှတ်ပြုခြင်း
ဖြစ်ပါသည်။
မျက်မှောက်ခေတ်
မြန်မာ့လူ့အဖွဲ့အစည်းကို
လမ်းညွှန်ပုံဖော်ပေးနေသည့်
လေးစားအားကျဖွယ်
ကောင်းသော
စံပြပုဂ္ဂိုလ်များ၏
အကူအညီဖြင့်
ထက်မြက်သော
အရည်အချင်းရှိသည့်
ပါရမီရှင်များကို
ရှာဖွေလျက်ရှိသည်။
ထိုကဲ့သို့ ပါရမီရှင်များမှာ
လက်ရှိမြန်မာနိုင်ငံကို
ပုံဖော်နေရုံသာမက
အနာဂါတ်နိုင်ငံတော်အတွက်ပါ
လမ်းဖောက်နေသူများလည်း
ဖြစ်၏။ ဆုရရှိနိုင်ရန်
သတ်မှတ်ချက်များမှာ
အလွန်မြင့်မားသော်လည်း
ကြိုးစားယှဉ်ပြိုင်
ရယူထိုက်သည့်
ဆုတံဆိပ်တစ်ခုပင်
ဖြစ်ပါသည်။
ဘုတ်အဖွဲ့ဝင်
လူကြီးမင်းများ
The Myanmar’s Pride
၏ အကဲဖြတ်
လူကြီးများ
အကဲဖြတ်အဖွဲ့
အကြောင်း
Myanmar’s Pride Awards သည် မြန်မာ့လူ့အဖွဲ့အစည်းအား ပဲ့ကိုင်ပုံဖော်ပေးနေသည့် အများကလေးစားရသော ဂုဏ်သရေရှိပုဂ္ဂိုလ်များကို ရှာဖွေသွားမည်ဖြစ်ပါသည်။ ထိုသူများသည် မြန်မာနိုင်ငံ၏ အခြေခံအုတ်မြစ်ကျသောသူများဖြစ်ရုံသာမက တိုင်းပြည်၏ အနာဂတ်ကိုလည်း လမ်းဖောက်ပေးနိုင်သူများ ဖြစ်ကြသည်။ ရွေးချယ်ထားသော အကဲဖြတ်ဒိုင်လူကြီးများသည် အများပြည်သူတို့နှင့် သက်ဆိုင်ရာ နယ်ပယ်အသီးသီးတို့တွင် လေးစားအားကျရသောသူများ ဖြစ်ကြပါသည်။ ၎င်းတို့သည် စံပြပုဂ္ဂိုလ်များအနေဖြင့် မြန်မာလူငယ်များ ရယူလိုသော အောင်မြင်မှုအတွက် ပြယုဂ်များဖြစ်ကြသည်။
အကဲဖြတ်အဖွဲ့ဝင်
လူကြီးမင်းများ
အားကစားကဏ္ဍအတွက်
အနုပညာနှင့် ဓါတ်ပုံပညာကဏ္ဍအတွက်
လူမှုအကျိုးပြုကဏ္ဍအတွက်
စွန့်ဦးတီထွင်ကဏ္ဍအတွက်
ဖက်ရှင်ဒီဇိုင်းကဏ္ဍအတွက်
အလှမယ်နှင့် မော်ဒယ်ကဏ္ဍအတွက်
တေးဂီတကဏ္ဍအတွက်
ရုပ်ရှင်အနုပညာကဏ္ဍအတွက်
လူမှုဦးဆောင်ကဏ္ဍအတွက်
ဆုရရှိရန် စံနှုန်း
သတ်မှတ်ချက်
မြန်မာလူမျိုး
၁. မြန်မာပြည်ဖွား သို့မဟုတ်
မြန်မာလူမျိုး မြန်မာပြည်ကို
ကိုယ်စားပြုသူ
၂. လက်ရှိမြန်မာပြည်တွင်
နေထိုင်သည်ဖြစ်စေ
မနေထိုင်သည်ဖြစ်စေ။
၃. အသက်အရွယ် ၅၀
ထက်မကျော်သော ကျား မ
မရွေး
အသိအမှတ်ပြု
စွမ်းဆောင်ရည်များ
အားကစားကဏ္ဍအတွက်
- မြန်မာနိုင်ငံအား နိုင်ငံတကာအားကစားပွဲများတွင် ကိုယ်စားပြုဖူးရမည်၊
- ပြည်တွင်းထိပ်တန်းအားကစားပွဲများတွင် ပါဝင်ဖူးခြင်းရှိရမည်၊
- ပြည်တွင်းနှင့် နိုင်ငံတကာတွင် အားကစားဆုများ ရရှိထားရမည်၊
- အားကစားကို အသုံးပြု၍ မြန်မာ့လူ့အသိုက်အဝန်းအား အကျိုးပြုဖူးသူဖြစ်ရမည်။
အနုပညာနှင့် ဓါတ်ပုံပညာကဏ္ဍအတွက်
- မြန်မာ့အနုပညာလောက တိုးတက်ရေးအတွက် ပါဝင်အကျိုးပြုနေသူဖြစ်ရမည်၊
- ပြပွဲများ၊ တင်ဆက်မှုများဖြင့် မိမိ၏အရည်အချင်းအား ထုတ်ဖော်ပြသဖူးသူဖြစ်ရမည်၊
- ပြည်တွင်းတွင် ပြပွဲများ ပြုလုပ်ဖူးသူဖြစ်ရမည်၊
- ပြည်တွင်းနှင့်ပြည်ပမှ အသိအမှတ်ပြုခြင်းကို ခံထားရသူဖြစ်ရမည်။
လူမှုအကျိုးပြုကဏ္ဍအတွက်
- မြန်မာ့လူ့အဖွဲ့အစည်း တိုးတက်ရေးအတွက် ပါဝင်အကျိုးပြုနေသူဖြစ်ရမည်၊
- နိုင်ငံတကာမှ အသိအမှတ်ပြုခြင်း ခံထားရသူဖြစ်ရမည်၊
- လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် အောင်မြင်မှုများရရှိထားသူ ဖြစ်ရမည်။
စွန့်ဦးတီထွင်ကဏ္ဍအတွက်
- မြန်မာပြည်တွင် တည်ထောင်ခဲ့ပြီး ပြည်တွင်းတွင်လည်ပတ်နေသော စီးပွားရေးတစ်ခုရှိရမည်၊
- စီးပွားရေးဆိုင်ရာအောင်မြင်မှုများရရှိထားပြီး မြန်မာ့လူ့အဖွဲ့အစည်း သို့မဟုတ် တစ်ကမ္ဘာလုံး အတိုင်းအတာအထိ အကျိုးပြုနိုင်သောသူဖြစ်ရမည်၊
- ကမ္ဘာတလွှားမှ စီးပွားရေးနည်းဗျူဟာများကို ကောက်နုတ်ပြီး ပြည်တွင်းတွင် ပြန်လည်အသုံးချကာ ပြည်တွင်းလုပ်ငန်းများကို အဆင့်မြှင့်တင်ပေးနေသူဖြစ်ရမည်၊
- ၎င်း၏ စီးပွားရေးလမ်းစဉ်များ၊ လူမှုရေးဆိုင်ရာ သို့မဟုတ် ယဉ်ကျေးမှုဆိုင်ရာ သက်ရောက်မှုများနှင့် စီးပွားရေးဆန်းသစ်တီထွင်မှုများအတွက် နိုင်ငံတကာပလက်ဖောင်းများတွင် ဖော်ပြခံထားရသူဖြစ်ရမည်၊
- ပြုပြင်ပြောင်းလဲရေးအတွက် စိတ်အားထက်သန်သူဖြစ်ရမည်။
ဖက်ရှင်ဒီဇိုင်းကဏ္ဍအတွက်
- ဖက်ရှင်ဒီဇိုင်နာအလုပ်ကို လုပ်ကိုင်နေသူဖြစ်ရမည်၊
- ထူးချွန်ပြီး၊ အစစ်အမှန်ဖြစ်ပြီး စိတ်ကူးဖန်တီးမှု ကောင်းသူဖြစ်ရမည်၊
- မိမိ၏ လက်ရာများကို နိုင်ငံခြားတွင် ပြသဖူးသူ သို့မဟုတ် နိုင်ငံတကာမှ အသိအမှတ်ပြုမှုကို ခံထားရသူဖြစ်ရမည်။
အလှမယ်နှင့် မော်ဒယ်ကဏ္ဍအတွက်
- နိုင်ငံတကာအလှမယ်ပြိုင်ပွဲများနှင့် အစီအစဉ်များတွင် မြန်မာနိုင်ငံအား ကိုယ်စားပြုဖူးသူဖြစ်ရမည်၊
- မြန်မာနိုင်ငံအား အခြားသောနိုင်ငံများနှင့် ချစ်ကြည်ရေးဖန်တီးပေးနိုင်လောက်အောင် ကျော်ကြားသူဖြစ်ရမည်၊
- အကျင့်စာရိတ္တကောင်းမွန်ပြီး ပုံရိပ်ဆိုးမရှိသူ ဖြစ်ရမည်။
တေးဂီတကဏ္ဍအတွက်
- တေးဂီတအား ဆန်းသစ်တီထွင်ခြင်းဖြင့်ဖြစ်စေ၊ ၎င်းတို့၏ နိုင်ငံတကာအဆင့်မှီ အလုပ်ကျင့်ဝတ်များဖြင့်ဖြစ်စေ ဂီတလောကအား အကျိုးပြုနေသောသူဖြစ်ရမည်၊
- မိမိ၏ အနုပညာလက်ရာများကို နိုင်ငံရပ်ခြားတွင် ပြသဖူးပြီး နိုင်ငံတကာက အသိအမှတ်ပြုခံထားရသူ ဖြစ်ရမည်၊
- မြန်မာပြည်တွင်းတွင်လည်း ဆုများရရှိထားသူဖြစ်ရမည်။
ရုပ်ရှင်အနုပညာကဏ္ဍအတွက်
- ဖျော်ဖြေရေးများကို ဆန်းသစ်တီထွင်ခြင်းအားဖြင့်ဖြစ်စေ၊ ၎င်းတို့၏ နိုင်ငံတကာအဆင့်မီ အလုပ်ကျင့်ဝတ်များဖြင့်ဖြစ်စေ ရုပ်ရှင်အနုပညာလောကအား အကျိုးပြုနေသောသူဖြစ်ရမည်၊
- မိမိ၏ အနုပညာလက်ရာများကို နိုင်ငံရပ်ခြားတွင် ပြသဖူးပြီး နိုင်ငံတကာက အသိအမှတ်ပြုခံထားရသူ ဖြစ်ရမည်၊
- မြန်မာပြည်တွင်းတွင်လည်း ဆုများရရှိထားသူဖြစ်ရမည်။
လူမှုဦးဆောင်ကဏ္ဍအတွက်
- အများအပေါ်လွှမ်းမိုးနိုင်မှု အတိုင်းအတာမည်မျှရှိသည်၊
- ပြည်တွင်းတွင် ဆုမည်မျှရရှိထားသည်၊
- နိုင်ငံတကာကုန်အမှတ်တံဆိပ်များနှင့် လက်တွဲလုပ်ကိုင်ဖူးရမည်၊
- မြန်မာ့လူ့အသိုင်းအဝိုင်းအား ကောင်းကျိုးပြုနိုင်မှုအပေါ် အသိအမှတ်ပြုခံထားရသူဖြစ်ရမည်၊
- Online ပေါ်တွင် ပြုမူနေထိုင်ပုံများကို သုံးသပ်သွားမည်ဖြစ်သည်။
မဲပေးပုံ အဆင့်ဆင့် နှင့် စည်းမျဉ်းများ
SMS Voting
- မိမိအားပေးလိုသည့် အဆိုပြုခံရသူများကို 09969696888 သို့ မတ်ဆေ့ခ်ျ (SMS) ပေးပို့ကာ မဲ (Vote) ပေးနိုင်ပါသည်။
- မတ်ဆေ့ခ်ျတွင် မိမိ၏မွေးသက္ကရာဇ်နှင့်အတူ မိမိမဲပေးလိုသည့် အဆိုပြုခံရသူများ၏ ကုဒ်နံပါတ်များ ကြား space ခြားကာ (မွေးသက္ကရာဇ်<Space>အဆိုပြုခံရသူ၏နံပါတ်) ပေးပို့ရပါမည်။ အောက်ဖော်ပြပါ နမူနာကို ကြည့်ပါ။
ဥပမာ – မွေးသက္ကရာဇ် <Space> အဆိုပြုခံရသူ၏နံပါတ် <Space> အခြားကဏ္ဍမှ အဆိုပြုခံရသူ၏နံပါတ် <Space> အခြားကဏ္ဍမှ အဆိုပြုခံရသူ၏နံပါတ် ……
1990 CODE1 CODE2 CODE3 CODE4 CODE5
- မတ်ဆေ့ခ်ျတစ်စောင်တွင် အဆိုပြုခံရသူများ၏နံပါတ်များကို ကဏ္ဍတစ်ခုထက်မက ပေးပို့နိုင်ပါသည်။
- တစ်ရက်လျှင် ကဏ္ဍတစ်ခုစီအတွက် အဆိုပြုခံရသူတစ်ဦးကို တစ်ကြိမ်သာ မဲပေးနိုင်ပါသည်။ နောက်ထပ်တစ်စောင်ပေးပို့လိုပါက မတူညီသောကဏ္ဍထဲမှ အဆိုပြုခံရသူများကိုသာ လက်ခံပါမည်။
- နောက်တစ်ရက်တွင် ထပ်မံမဲပေးလိုပါက မတ်ဆေ့ပေးပို့နိုင်ပါသည်။ နောက်တစ်ကြိမ်ထပ်မံမဲပေးပါက တူညီသည့်ကဏ္ဍအောက်ရှိ မိမိမဲပေးခဲ့ပြီးသော အဆိုပြုခံရသူကိုသာ မဲပေးခြင်းဖြင့် ဆုရရန် အခွင့်အလမ်း ပိုမိုရရှိနိုင်ပါသည်။
- နောက်တစ်ကြိမ်ထပ်မံမဲပေးသည့်အခါ ကဏ္ဍတစ်ခုအောက်ရှိ မိမိနှစ်သက်သော အခြားအဆိုပြုခံရသူများကိုလဲ ရွေးချယ်မဲပေးလိုပါက ပေးနိုင်ပါသည်။
- မဲပေးခြင်းကို အသက် ၁၈နှစ်နှင့် အထက်ရှိသူများအားလုံး ပါဝင်နိုင်ပါသည်။
- မှတ်ချက်- စည်းကမ်းချက်နှင့်ကိုက်ညီသောမဲများကိုသာ ထည့်သွင်းစဉ်းစားပါမည်။
- မဲပေးပိုင်ခွင့်နှင့်ပတ်သက်၍ မှားယွင်းသောအချက်အလက်များ ပေးပို့မိပါက မဲပေးသူ၏ ဆုံးဖြတ်ချက်သာဖြစ်ပါသည်။
ဥပမာ – မွေးသက္ကရာဇ် <Space> အဆိုပြုခံရသူ၏နံပါတ် <Space> အခြားကဏ္ဍမှ အဆိုပြုခံရသူ၏နံပါတ် <Space> အခြားကဏ္ဍမှ အဆိုပြုခံရသူ၏နံပါတ် ……
1990 CODE1 CODE2 CODE3 CODE4 CODE5
Facebook Messenger Voting
- Myanmar’s Pride Awards Facebook Page (https://www.facebook.com/myanmarsprideawards/) သို့သွား၍ Facebook Messenger မှတဆင့် မဲပေးပုံအဆင့်ဆင့်ကို ကြည့်ရှုကာ မဲပေးနိုင်ပါသည်။
- တစ်ရက်လျှင် ကဏ္ဍတစ်ခုစီအတွက် အဆိုပြုခံရသူတစ်ဦးကို တစ်ကြိမ်သာ မဲပေးနိုင်ပါသည်။ နောက်ထပ်တစ်စောင်ပေးပို့လိုပါက မတူညီသောကဏ္ဍထဲမှ အဆိုပြုခံရသူများကိုသာ လက်ခံပါမည်။
- နောက်တစ်ရက်တွင် ထပ်မံမဲပေးလိုပါက မတ်ဆေ့ပေးပို့နိုင်ပါသည်။ နောက်တစ်ကြိမ်ထပ်မံမဲပေးပါက တူညီသည့်ကဏ္ဍအောက်ရှိ မိမိမဲပေးခဲ့ပြီးသော အဆိုပြုခံရသူကိုသာ မဲပေးခြင်းဖြင့် ဆုရရန် အခွင့်အလမ်း ပိုမိုရရှိနိုင်ပါသည်။
- နောက်တစ်ကြိမ်ထပ်မံမဲပေးသည့်အခါ ကဏ္ဍတစ်ခုအောက်ရှိ မိမိနှစ်သက်သော အခြားအဆိုပြုခံရသူများကိုလဲ ရွေးချယ်မဲပေးလိုပါက ပေးနိုင်ပါသည်။
- မဲပေးခြင်းကို အသက် ၁၈နှစ်နှင့် အထက်ရှိသူများအားလုံး ပါဝင်နိုင်ပါသည်။
- မှတ်ချက်- စည်းကမ်းချက်နှင့် ကိုက်ညီသောမဲများကိုသာ ထည့်သွင်းစဉ်းစားပါမည်။
- မဲပေးပိုင်ခွင့်နှင့်ပတ်သက်၍ မှားယွင်းသောအချက်အလက်များ ပေးပို့မိပါက မဲပေးသူ၏ ဆုံးဖြတ်ချက်သာဖြစ်ပါသည်။
FAQs
ဆု၏အစိတ်အပိုင်းတစ်ခုကို ယွန်းထည်နှင့်ပြုလုပ်ထားပါသည်။ ဆုတွင် ယွန်းထည်ကို ထည့်သွင်းပြုလုပ်ရခြင်းအကြောင်းရင်းမှာ မြန်မာ့ယဉ်ကျေးမှုကို ဖော်ကျူးလိုခြင်းနှင့် အနုစိတ်လှပြီး နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သော လက်ရာကို အများသိအောင် ပြသလိုခြင်းတို့ကြောင့် ဖြစ်ပါသည်။ လှပသေသပ်သော ရွှေရောင်ကနုတ်လက်ရာသည် ဤဆုရွေးချယ်ပေးအပ်ရေးအဖွဲ့က ရှာဖွေနေသော အောင်မြင် ထက်မြက်ပြီး ရဲရင့်သည့်ဆုရှင်များကို အကောင်းဆုံးကိုယ်စားပြုနိုင်သော ပြယုဒ်ဖြစ်ပါသည်။
မဲများကို စီစစ်ပြီးသည်နှင့် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဆုပေးပွဲအခမ်းအနားကို ရန်ကုန်၌ကျင်းပသွားမည်ဖြစ်သည်။ ကျင်းပမည့်ရက်အတိအကျကိုမူ နောက်လတွင် ကြေညာသွားပါမည်။
မျှော်မှန်းထားသော မဲဆန္ဒအရေအတွက် မရခဲ့ပါက MPA အနေဖြင့် မည်ကဲ့သို့ ဆက်လက် လုပ်ဆောင်သွားပါမလဲ။
Myanmar’s Pride Awards ၏ ရည်ရွယ်ချက်အပေါ် ထားရှိသည့်ယုံကြည်ချက်ကို ဖော်ပြရန်နှင့် အနာဂတ်တွင် မြန်မာ့ဂုဏ်ဆောင်ဖြစ်လာမည့်သူများအတွက် ရင်းနှီးမြှပ်နှံမှုပြုသည့်အနေဖြင့် ပေးအပ်မည့် အများပြည်သူ၏ ဆန္ဒမဲတစ်ခုစီတိုင်းအတွက် မြန်မာငွေ ၁၀ ကျပ်ကို လူမှုအဖွဲ့အစည်းတစ်ခုအား ပေးလှူသွားရန် စီစဉ်ဆောင်ရွက်ထားပြီး ဆန္ဒမဲပေါင်း ၁ သန်းရရှိရန် မျှော်မှန်းထားပါသည်။ လက်ခံရရှိသည့် ဆန္ဒမဲအရေအတွက်များလျှင် ပေးလှူမည့် ငွေကြေးပမာဏလည်း မြင့်တက်လာမည်ဖြစ်ပါသည်။ မျှော်မှန်းထားသော ဆန္ဒမဲပေါင်း ၁ သန်းမရရှိခဲ့လျှင်ပင် Myanmar’s Pride Awards မှ လိုအပ်သောငွေကြေးများကို ဖြည့်တင်းကာ ကျပ်ငွေ ၁၀ သန်းကို လှူတန်းသွားမည်ဖြစ်ပါသည်။
Myanmar’s Pride Awards သည် ကဏ္ဍကိုးခုမှ ထူးချွန်သူများအား ဂုဏ်ပြုသွားမည်ဖြစ်သည်။
- မြန်မာနိုင်ငံအား နိုင်ငံတကာအားကစားပွဲများတွင် ကိုယ်စားပြုဖူးရမည်၊
- ပြည်တွင်းထိပ်တန်းအားကစားပွဲများတွင် ပါဝင်ဖူးခြင်းရှိရမည်၊
- ပြည်တွင်းနှင့် နိုင်ငံတကာတွင် အားကစားဆုများ ရရှိထားရမည်၊
- အားကစားကို အသုံးပြု၍ မြန်မာ့လူ့အသိုက်အဝန်းအား အကျိုးပြုဖူးသူဖြစ်ရမည်။
- မြန်မာ့အနုပညာလောကတိုးတက်ရေးအတွက် ပါဝင်အကျိုးပြုနေသူဖြစ်ရမည်၊
- ပြပွဲများ၊ တင်ဆက်မှုများဖြင့် မိမိ၏ အရည်အချင်းအား ထုတ်ဖော်ပြသဖူးသူဖြစ်ရမည်၊
- ပြည်တွင်းတွင် ပြပွဲများ ပြုလုပ်ဖူးသူဖြစ်ရမည်၊
- ပြည်တွင်းနှင့်ပြည်ပမှ အသိအမှတ်ပြုခြင်းကို ခံထားရသူဖြစ်ရမည်။
- မြန်မာ့လူ့အဖွဲ့အစည်းတိုးတက်ရေးအတွက် ပါဝင်အကျိုးပြုနေသူဖြစ်ရမည်၊
- နိုင်ငံတကာမှ အသိအမှတ်ပြုခြင်းခံထားရသူ ဖြစ်ရမည်၊
- လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် အောင်မြင်မှုများရရှိထားသူ ဖြစ်ရမည်။
စွန့်ဦးတီထွင်ကဏ္ဍအတွက်
- မြန်မာပြည်တွင်တည်ထောင်ခဲ့ပြီး ပြည်တွင်းတွင် လည်ပတ်နေသောစီးပွားရေးတစ်ခုရှိရမည်၊
- စီးပွားရေးဆိုင်ရာအောင်မြင်မှုများရရှိထားပြီး မြန်မာ့လူ့အဖွဲ့အစည်း သို့မဟုတ် တစ်ကမ္ဘာလုံး အတိုင်းအတာအထိ အကျိုးပြုနိုင်သောသူ ဖြစ်ရမည်၊
- ကမ္ဘာတစ်လွှားမှ စီးပွားရေးနည်းဗျူဟာများကို ကောက်နုတ်ပြီး ပြည်တွင်းတွင် ပြန်လည်အသုံးချကာ ပြည်တွင်းလုပ်ငန်းများကို အဆင့်မြှင့်တင်ပေးနေသူဖြစ်ရမည်၊
- ၎င်း၏ စီးပွားရေးလမ်းစဉ်များ၊ လူမှုရေးဆိုင်ရာ သို့မဟုတ် ယဉ်ကျေးမှုဆိုင်ရာသက်ရောက်မှုများနှင့် စီးပွားရေးဆန်းသစ်တီထွင်မှုများအတွက် နိုင်ငံတကာပလက်ဖောင်းများတွင် ဖော်ပြခံထားရသူ ဖြစ်ရမည်၊
- ပြုပြင်ပြောင်းလဲရေးအတွက် စိတ်အားထက်သန်သူ ဖြစ်ရမည်။
- ဖျော်ဖြေရေးများကို ဆန်းသစ်တီထွင်ခြင်းအားဖြင့်ဖြစ်စေ၊ ၎င်းတို့၏ နိုင်ငံတကာအဆင့်မှီ အလုပ်ကျင့်ဝတ်များဖြင့်ဖြစ်စေ ရုပ်ရှင်အနုပညာလောကအား အကျိုးပြုနေသောသူဖြစ်ရမည်၊
- မိမိ၏ အနုပညာလက်ရာများကို နိုင်ငံရပ်ခြားတွင် ပြသဖူးပြီး နိုင်ငံတကာက အသိအမှတ်ပြုခံထားရသူ ဖြစ်ရမည်၊
- မြန်မာပြည်တွင်းတွင်လည်း ဆုများရရှိထားသူဖြစ်ရမည်။
- ဖက်ရှင်ဒီဇိုင်နာအလုပ်ကို လုပ်ကိုင်နေသူ ဖြစ်ရမည်၊
- ထူးချွန်ပြီး၊ အစစ်အမှန်ဖြစ်ပြီး စိတ်ကူးဖန်တီးမှု ကောင်းသူဖြစ်ရမည်၊
- မိမိ၏ လက်ရာများကို နိုင်ငံခြားတွင် ပြသဖူးသူ သို့မဟုတ် နိုင်ငံတကာမှအသိအမှတ်ပြုမှုကို ခံထားရသူ ဖြစ်ရမည်။
- နိုင်ငံတကာအလှမယ်ပြိုင်ပွဲများနှင့် အစီအစဉ်များတွင် မြန်မာနိုင်ငံအားကိုယ်စားပြုဖူးသူ ဖြစ်ရမည်၊
- မြန်မာနိုင်ငံအား အခြားသောနိုင်ငံများနှင့် ချစ်ကြည်ရေးဖန်တီးပေးနိုင်လောက်အောင် ကျော်ကြားသူဖြစ်ရမည်၊
- အကျင့်စာရိတ္တကောင်းမွန်ပြီး ပုံရိပ်ဆိုးမရှိသူ ဖြစ်ရမည်။
- တေးဂီတအား ဆန်းသစ်တီထွင်ခြင်းဖြင့်ဖြစ်စေ၊ ၎င်းတို့၏ နိုင်ငံတကာအဆင့်မှီ အလုပ်ကျင့်ဝတ်များဖြင့်ဖြစ်စေ ဂီတလောကအား အကျိုးပြုနေသောသူဖြစ်ရမည်၊
- မိမိ၏ အနုပညာလက်ရာများကို နိုင်ငံရပ်ခြားတွင် ပြသဖူးပြီး နိုင်ငံတကာက အသိအမှတ်ပြုခံထားရသူ ဖြစ်ရမည်၊
- မြန်မာပြည်တွင်းတွင်လည်း ဆုများရရှိထားသူဖြစ်ရမည်။
- အများအပေါ်လွှမ်းမိုးနိုင်မှုအတိုင်းအတာမည်မျှရှိသည်၊
- ပြည်တွင်းတွင် ဆုမည်မျှရရှိထားသည်၊
- နိုင်ငံတကာကုန်အမှတ်တံဆိပ်များနှင့် လက်တွဲလုပ်ကိုင်ဖူးရမည်၊
- မြန်မာ့လူ့အသိုင်းအဝိုင်းအား ကောင်းကျိုးပြုနိုင်မှုအပေါ် အသိအမှတ်ပြုခံထားရသူဖြစ်ရမည်၊
- Online ပေါ်တွင် ပြုမှုနေထိုင်ပုံများကို သုံးသပ်သွားမည်ဖြစ်သည်။
ယခင်နှစ်တွင် Pastel အေဂျင်စီနှင့်အတူလက်တွဲကာ Pride of Myanmar ကို ကျင်းပခဲ့ပါသည်။ Pastel နှင့်အတူ ဤအစီအစဉ်ကို ပုံဖော်အသက်သွင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး Grand Royal Special Reserve က အဓိကကူညီပံ့ပိုးပေးခဲ့သော်လည်း POM ဟူသည့်အမည်သည် အဆိုပါအေဂျင်စီအောက်မှ မှတ်ပုံတင်ထားခဲ့ခြင်းဖြစ်သောကြောင့် ယခုနှစ်တွင် Mango Advertising Co., Ltd နှင့် လက်တွဲသည့်အခါ၌ အမည်ကို MPA သို့ ပြောင်းလဲလိုက်ခြင်းဖြစ်ပါသည်။ ထို့အပြင် ယခင်အမည်ကို အခြားသော လုပ်ငန်းကြီးများ ကလည်း အသုံးပြုဖူးသည်ဟုသိရသဖြင့် ယခုနှစ်တွင် MPA ဟု ပြောင်းလဲမှည့်ဆိုလိုက်ခြင်းဖြစ်သည်။