အလင်္ကာကျော်စွာ2019-10-23T04:46:04+00:00

အလင်္ကာကျော်စွာ၊
ထပ်ဆင့်အကယ်ဒမီ ဒါရိုက်တာ ပန်းချီစိုးမိုး

နာမည်ကျော် မြန်မာပန်းချီဆရာနှင့် ရုပ်ရှင်ဒါရိုက်တာတစ်ဦးဖြစ်သည်။ မြန်မာနိုင်ငံဓာတ်ပုံအသင်း၏ ပထမဆုံးသင်တန်းတွင် တက်ရောက်သင်ကြားခဲ့သည်။ မဂ္ဂဇင်းနှင့်ရုပ်ရှင်မျက်နှာဖုံး၊ ပြက္ခဒိန်ပေါင်းများစွာကို အောင်မြင်စွာရိုက်ကူးခဲ့သည်။ ရုပ်ရှင်ဒါရိုက်တာအဖြစ် နှစ် ၅၀ ကျော် အတွေ့အကြုံရှိခဲ့ပြီး မြန်မာ့ရုပ်ရှင်လောက၏ အမြင့်ဆုံး ဆုတံဆိပ်များ ဆွတ်ခူးနိုင်ခဲ့သည်။

၂၀၀၂ ခုနှစ်တွင် ရိုက်ကူးခဲ့သည့် “ငါသူတစ်ပါး ယောက်ျား မိန်းမ” ရုပ်ရှင်ဇာတ်ကားကြီးတွင် ဒါရိုက်တာဆုအပါအဝင် အကယ်ဒမီဆု (၇) ဆု ဆွတ်ခူးရရှိခဲ့သည်။ စာပေနှင့်အနုသုခုမ ပညာရပ်များတွင် ထူးချွန်သည့်ပညာရှင်များအား နိုင်ငံတော်မှ ပေးအပ်ချီးမြှင့်သော အမြင့်ဆုံးဘွဲ့ ဖြစ်သည့် ‘အလင်္ကာကျော်စွာဘွဲ့’ ကို ရရှိထားသူလည်း ဖြစ်သည်။ လက်ရှိတွင် အစဉ်အလာကြီးမားသည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် အကဲဖြတ်ဒိုင်အဖြစ်လည်း ဆောင်ရွက်နေသည်။

၎င်းတို့အပြင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် မြန်မာနိုင်ငံဓာတ်ပုံအသင်းတို့တွင် နာယကအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ရုပ်ရှင်နှင့်ပြဇာတ်ဌာနတွင် ဧည့်ပါမောက္ခအဖြစ် ရုပ်ရှင်ပန်းချီပညာရပ်များကို သင်ကြားပေးလျက်ရှိသည်။ ပြည်တွင်းပြည်ပ ပန်းချီပွဲပေါင်း (၁၀၀) ခန့်ပြသခဲ့ပြီး ဂုဏ်ထူးဆောင်ဆုများစွာကို ရရှိခဲ့သူဖြစ်ပါသည်

Go to Top