သက်ထားသူဇာ2019-11-07T16:31:36+00:00

သက်ထားသူဇာ
မြန်မာ့လက်ရွေးစင် ကြက်တောင်အားကစားသမား
(S25)

သက်ထားသူဇာသည် မြန်မာ့လက်ရွေးစင် ကြက်တောင်အားကစားသမားတစ်ဦးဖြစ်သည်။ ၂၀၁၁ ခုနှစ်၊ ၂၀၁၃ ခုနှစ်၊ ၂၀၁၇ ခုနှစ် Southeast Asian Games ပြိုင်ပွဲများတွင် မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး နိုင်ငံတကာအဆင့် နာမည်ကျော် အားကစားပြိုင်ပွဲများတွင်လည်း ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ဆုတံဆိပ်များ ဆွတ်ခူးနိုင်ခဲ့ပါသည်။ အီဂျစ်၊ ကင်ညာ၊ ယူဂန္ဓာ၊ ဘီနင်၊ မောရစ်သျှ နှင့် အိုင်ဗရီကို့စ် နိုင်ငံများတွင် ကျင်းပသည့် နိုင်ငံတကာပွဲများတွင် သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှ ၂၀၁၉ ဇူလိုင်လထိ ရွှေတံဆိပ် ၇ ခု ရရှိထားသည်။၂၀၁၈ ခုနှစ် Egypt International 2018 ပွဲမှစတင်ကာ နိုင်ငံတကာအားကစားသမားအဖြစ် အသိအမှတ်ပြုခံရပြီး ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၆၂ ရှိသော ကြက်တောင်အားကစားသမားတစ်ဦးဖြစ်ပါသည်။