ဉာဏ်ကျယ်စေ2019-11-07T16:03:59+00:00

ဉာဏ်ကျယ်စေ (A19)

ဉာဏ်ကျယ်စေသည် မြန်မာပြည်ဖွား အန်နီမေးရှင်းဖန်တီးသူနှင့် ပညာရှင်တစ်ဦးဖြစ်သည်။ သူ၏ ပထမဆုံး “ကျောင်းတက်ချင်တယ်” အန်နီမေးရှင်းဇာတ်လမ်းတိုသည် လက်ရှိဖြစ်ပေါ်နေသည့် လူမှုရေးအခြေအနေအကြောင်း မီးမောင်းထိုးပြခဲ့ပြီး ၂၀၁၅ ခုနှစ် ၌Human Rights Film Festival တွင်အကောင်းဆုံး အန်နီမေးရှင်းဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့သည်။ ၂၀၁၆ခုနှစ် Human Rights Human Dignity International Film Festival တွင် “ကျွန်မ မလိုချင်တဲ့ ကျွန်မဘ၀” အန်နီမေးရှင်း ဇာတ်လမ်းတိုသည်လည်း The March 13 Award ဆုကို ရရှိခဲ့ကာ ကမ္ဘာတစ်ဝန်း ရုပ်ရှင်ပွဲတော်ပေါင်း ၁၄၀ ကျော်တွင် ပြသခဲ့ပြီး ဆုပေါင်း ၃၉ဆု ဆွတ်ခူးနိုင်ခဲ့ပါသည်။ သူ၏ အန်နီမေးရှင်းစတူဒီယိုသည် မကြာသေးခင်က Asian Academy Creative Awards 2019 အတွက် Regional Award for Best Animated Programme or Series (2D or 3D) ဆုကို ရရှိသည်။

အန်နီမေးရှင်း ပညာရှင်ဖြစ်သူ ဉာဏ်ကျယ်စေသည် ၂၀၁၇ ခုနှစ် တွင် ဈေးကွက်ဦးဆောင် စတူဒီယိုတစ်ခုဖြစ်သည့် Pencell Animation Studio ကို တွဲဖက်တည်ထောင်ခဲ့ပြီး Production Director အဖြစ် လုပ်ကိုင်လျက်ရှိသည်။ သူ၏ စတူဒီယိုသည် အရည်အသွေးမြင့် အန်နီမေးရှင်းစီးရီးစ်များကို ထုတ်လုပ်ပြီး ပြည်တွင်းသာမက နိုင်ငံတကာသို့ ဖြန့်ဝေလျက်ရှိသည်။