အကယ်ဒမီ ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်)2020-12-27T05:15:54+00:00

ရုပ်ရှင်ဒါရိုက်တာ

ဒါရိုက်တာမောင်မျိုးမင်းသည် ဒါရိုက်တာတစ်ဦးအဖြစ် ပရိသတ် စွဲလန်းနှစ်သက်စေခဲ့သည့် ရုပ်ရှင်နှင့်ဗီဒီယို ဇာတ်ကားကောင်းများစွာကို သူဖြတ်သန်းခဲ့သည့် အနုပညာသက်တမ်း တစ်လျှောက်လုံးတွင် ဖန်တီးခဲ့ကာ အနုပညာမှတ်တိုင်တစ်ခုအဖြစ် ၂၀၀၆ ခုနှစ်၏ အကောင်းဆုံးဒါရိုက်တာအဖြစ် အကယ်ဒမီဆုကို ဆွတ်ခူးနိုင်ခဲ့ပါသည်။ သူရိုက်ကူးပုံဖော်ခဲ့သော ဇာတ်ကားတိုင်းသည်လည်း ပရိသတ်အကြိုက်နှင့် ထပ်တူကျခဲ့သော ဇာတ်ကားများဖြစ်ခဲ့သလို သူဦးဆောင်ဖွဲ့စည်းကာ တင်ဆက်ခဲ့သော သရဲလေးကောင်ပြဇာတ်မှာ လူကြိုက်များထင်ရှားခဲ့ပြီး ယခုလက်ရှိတွင် ပရိသတ်ချစ် အနုပညာရှင်များနှင့် ဖွဲ့စည်းထားသည့် နှင်းဆီအငြိမ့်အဖွဲ့မှာလည်း ပြည်ပ (၁၁) နိုင်ငံ လှည့်လည်ကပြခဲ့သည်အထိ အောင်မြင်ခဲ့ပါသည်။ နှင်းဆီရင်ခွင် လူမှုကူညီရေးဖောင်ဒေးရှင်းကို တည်ထောင်ခဲ့သူလည်းဖြစ်သောအကယ်ဒမီမောင်မျိုးမင်း(ရင်တွင်းဖြစ်) သည် 3H Art Academy သရုပ်ဆောင်သင်တန်းဒါရိုက်တာသင်တန်း နှင့် Producers သင်တန်းကို ဦးစီးဖွင့်လှစ်ထားပြီး အနုပညာအရည်အချင်းရှိသူများစွာကို မွေးထုတ်ပေးလျက်ရှိပါသည်။

Go to Top