လဇိန် ဂမ်ထွဲ (ဖက်ရှင်ဒီဇိုင်နာ)2019-11-07T16:53:55+00:00

လဇိန် ဂမ်ထွဲ (ဖက်ရှင်ဒီဇိုင်နာ) (V09)

ကချင်လူမျိုး ဖက်ရှင်ဒီဇိုင်နာ လဇိန် ဂမ်ထွဲသည် မြန်မာနိုင်ငံတွင် ဖက်ရှင် ဒီဇိုင်နာအဖြစ် ၁၀ နှစ်ကျော်ကြာ ရပ်တည်လျက်ရှိပြီး ၂၀၀၅ – ၂၀၀၇ ခုနှစ်အတွင်း ပြည်တွင်း ဖက်ရှင်ပြိုင်ပွဲများတွင်ဆုရရှိခဲ့ပါသည်။ မြန်မာ့ယဉ်ကျေးမှုနှင့် ကိုက်ညီစွာ တီထွင်ဆန်းသစ်ထားသော ဝတ်စုံကို Miss Universe Myanmar အဖွဲ့အစည်းမှ ရွေးချယ် အတည်ပြု ပြီးနောက် ၂၀၁၆ ခုနှစ် ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော Miss Universe ပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အတွက် အကောင်းဆုံး ရိုးရာဝတ်စုံဆုကို ဆွတ်ခူးနိုင်ရန် တီထွင်ဖန်တီးခဲ့သူအဖြစ် နိုင်ငံတကာ မီဒီယာများတွင် ဖော်ပြခံခဲ့ရသည်။ ပြည်တွင်းတွင် နာမည်ကြီးအနုပညာရှင်များ၊ မဂ္ဂဇင်းများအတွက် အဝတ်အစားဒီဇိုင်းများ ဖန်တီးပေးနေပြီး ဖက်ရှင်ပြပွဲများတွင်လည်း ပါဝင်ပြသနေပါသည်။