အောန်ဆိုင်း2019-11-07T16:34:57+00:00

အောန်ဆိုင်း (G05)

အောန်ဆိုင်းသည် နာမည်ကြီး ဝါရင့်မော်ဒယ်တစ်ဦးဖြစ်ပြီး ၂၀၁၁ ခုနှစ်က မြန်မာနိုင်ငံကိုယ်စားပြု အာဆီယံမော်ဒယ် (Miss ASEAN) အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ၂၀၁၄ ခုနှစ်၊ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ကျင်းပသည့် Asia Model Festival ပွဲတွင် Myanmar Model Star Award ကိုထိုက်တန်စွာ ဆုချီးမြှင့်ခံခဲ့ရသည်။ မကြာသေးမီက ကျင်းပခဲ့သော Shanghai Fashion Week 2019 တွင် ကမ္ဘာကျော် Hugo Boss ဖက်ရှင်အတွက် Runway မော်ဒယ်အဖြစ် ပါဝင်ပြသခဲ့ပါသည်။