နီနီခင်ဇော်2019-11-07T16:36:06+00:00

နီနီခင်ဇော် (ဂီတပညာရှင်) (M33)

နီနီခင်ဇော်သည် အောင်မြင်ကျော်ကြားသောတေးသံရှင်ဖြစ်ပြီး တေးရေး နှင့် မော်ဒယ် အနုပညာလှုပ်ရှားမူများဖြင့်လည်း ထင်ရှားသူ ဖြစ်ပါသည်။

၂၀၀၈ ခုနှစ်တွင် Melody World အဆိုပြိုင်ပွဲ၌ ပထမဆုဆွတ်ခူးကာ ဂီတလောကသို့ ခြေလှမ်းစတင်ခဲ့ပြီး အခြားပြည်တွင်းဆု ၁၂ ခု လည်း ဆွတ်ခူးထားပါသည်။ ပြည်တွင်း တစ်ကိုယ်တော် ဖျော်ဖြေပွဲများစွာအပြင် 2012 ASEAN Music Festival, 2013 SEA Games, 2014 ASEAN Summit, 2015 Asia-Pacific Broadcasting Union ၏ Radio Song Festival တို့တွင် ပါဝင်ဖျော်ဖြေခဲ့ပြီး ၂၀၁၇ ခုနှစ်တွင်ကျင်းပသော ASEAN+3 Song Contest in Vietnam ပွဲတွင် 1st Runner Up ဆုကိုဆွတ်ခူးနိုင်ခဲ့ပါသည်။

ပြည်တွင်းနာမည်ကြီးအဆိုပြိုင်ပွဲတစ်ခုဖြစ်သောThe Voice Myanmar ပြိုင်ပွဲတွင်အကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက်ခဲ့ပြီး ကျော်ကြားသောကုန်အမှတ်တံဆိပ်များ၏ Brand Embassador အဖြစ်လည်း ဆောင်ရွက်လျက်ရှိပါသည်။

Go to Top