ထပ်ဆင့်အကယ်ဒမီ ဝတ်မှုန်ရွှေရည်2019-11-07T16:48:32+00:00

ထပ်ဆင့်အကယ်ဒမီ ဝတ်မှုန်ရွှေရည် (F31)

ထပ်ဆင့်အကယ်ဒမီ ဝတ်မှုန်ရွှေရည်သည် အနုပညာလောကတွင် နိုင်ငံကျော် ရုပ်ရှင်မင်းသမီးအဖြစ် ယနေ့ထိ ဆယ်စုနှစ်တစ်ခုကျော် ရပ်တည်နေပြီး အကယ်ဒမီ(၂) ဆု ဆွတ်ခူးထားသူလည်းဖြစ်ပါသည်။

သူမ၏ သရုပ်ဆောင်မှုအနုပညာကို နိုင်ငံရပ်ခြားရုပ်ရှင်အဖွဲ့တို့၏ အသိအမှတ်ပြုခြင်းခံရပြီး ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံတို့နှင့် ပူးပေါင်းရိုက်ကူးသည့် ရုပ်ရှင်ဇာတ်ကားများတွင်လည်း ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ခဲ့ပါသည်။ ထပ်ဆင့်အကယ်ဒမီ ဝတ်မှုန်ရွှေရည် ပါဝင်သရုပ်ဆောင်ခဲ့သည့် မြန်မာ-ဂျပန် ရုပ်ရှင် My Country My Home ကို Osaka Asian Film Festival နှင့် Japanese network, NHK တွင် ပြသခဲ့ပါသည်။ မြန်မာ – ထိုင်း ရုပ်ရှင် The Only Mom အတွက်၂၀၁၉ ခုနှစ်တွင် Asian Academy Creative Award ၌ Best Actress in a Leading Role အနေဖြင့် ဆုရရှိခဲ့သည်။ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ ကျင်းပသော Asia Model Festival 2019 တွင် Asia Special Award Winner ဆုကို ရရှိခဲ့ပါသည်။