အကယ်ဒမီ ပိုင်ဖြိုးသု2019-11-07T16:48:58+00:00

အကယ်ဒမီ ပိုင်ဖြိုးသု (F22)

ပိုင်ဖြိုးသုသည် နိုင်ငံကျော် ရုပ်ရှင်မင်းသမီးတစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ဆေးတက္ကသိုလ် (၁)မှ M.B.B.S ဘွဲ့အပြင် ၂၀၁၉ ခုနှစ်တွင် New York Film Academy မှ Diploma in Acting လက်မှတ်ကို ရရှိခဲ့ပါသည်။ ၂၀၁၆ ခုနှစ်၊ ၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ အမျိုးသမီးဇာတ်ပို့ဆုအတွက် (၂)နှစ် ဆက်တိုက် ဆန်ခါတင်စာရင်း ဝင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် “သရဲမ, ဘီလူးမ, မိန်းမပျို” ဇာတ်ကားဖြင့် အကယ်ဒမီဆုကို ဆွတ်ခူးနိုင်ခဲ့ပါသည်။ နိုင်ငံတကာတွင် ပြသအောင်မြင်ခဲ့သော “မီ” ရုပ်ရှင်ဇာတ်ကားနှင့် လက်ရှိရုံတင်ပြသနေသော အထူးအောင်မြင်သည့် “ထာဝရနှောင်ကြိုး” ရုပ်ရှင်ဇာတ်ကားတွင်လည်း ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။ အဆိုပါ “မီ” ဇာတ်ကားဖြင့် Star Awards 2018 အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုကို ရရှိခဲ့သည့်အပြင် ၂၀၁၉ ခုနှစ်တွင် People’s Academy ဆုနှင့် မြန်မာ့မူပိုင်ခွင့်နေ့တွင် ရုပ်ရှင်ဂုဏ်ပြုဆုကိုလည်း ရရှိခဲ့ပါသည်။ မလေးရှားနိုင်ငံ ကူချင်မြို့၌ ကျင်းပသည့် ၂၀၁၉ ခုနှစ် အာဆီယံ နိုင်ငံတကာရုပ်ရှင်ပွဲတော်နှင့် ဆုချီးမြှင့်ပွဲတွင် အကောင်းဆုံးခေါင်းဆောင်မင်းသမီးဆုအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့သူလည်းဖြစ်ပါသည်။