ဒေါင်း2019-11-07T16:50:44+00:00

ဒေါင်း (F04)

ဒေါင်းသည် မြန်မာ့ရုပ်ရှင်လောက၏ တက်သစ်စ ကြယ်ပွင့်တစ်ဦးဖြစ်ပြီး ယခုနှစ်အတွင်း ထိုင်းနိုင်ငံမှ ရုပ်ရှင်ထုတ်လုပ်ရေးနှင့် ပူးပေါင်းရိုက်ကူးသည့် လိပ်ပြာစံအိမ် ဇာတ်ကားတွင် ပါဝင်ရာမှ နာမည်ကျော်ကြားလာခဲ့ပါသည်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားသည် ပြည်တွင်းတွင်လည်း အားပေးမှုအများအပြားရရှိခဲ့ပြီး အခြားသော နိုင်ငံများဖြစ်သည့် ဟောင်ကောင်၊ တောင်ကိုးရီးယား စသည့် နိုင်ငံပေါင်း ၁၃ နိုင်ငံတွင်လည်း သွားရောက်ပြသခဲ့ရပါသည်။ သူသည် Star Awards 2018 တွင် (ပုဂံမြို့သူ ဇာတ်လမ်းSeries) ဖြင့် အကောင်းဆုံးဇာတ်ဆောင်ဆု – Best Actor Award ဆုရရှိခဲ့ပါသည်။

Go to Top