Daw Thiri Kyar Nyo2019-10-23T06:02:03+00:00

ဒေါ်သီရိကြာညို
Head of Communications and Public Relations at METRO Wholesale Myanmar Ltd.

မတူညီသည့်နယ်ပယ်အမျိုးမျိုး၏ လူထုဆက်သွယ်ရေးလုပ်ငန်းတွင် အတွေ့အကြုံများစွာ ရှိခဲ့ပြီး၊ နိုင်ငံတကာအလှကုန်အမှတ်တံဆိပ် Yves Rocher ကို ဈေးကွက်အတွင်းစတင်မိတ်ဆက်ရန် ကူညီခဲ့သည်။ စင်ကာပူ Logistics ကုမ္ပဏီများအတွက် ရုံးတွင်းဆက်သွယ်ရေးလုပ်ငန်းများကို ကိုင်တွယ်ခဲ့ပြီး PARKROYAL Yangon ၏ ဈေးကွက်ဖြန့်ကြက်ရေးနှင့် ပြင်ပဆက်ဆံရေးလုပ်ငန်းများကိုလည်း ကြည့်ရှုခန့်ခွဲခဲ့သည်။

၂၀၁၃ ခုနှစ်တွင် နိုင်ငံတကာဆက်သွယ်ရေးကုမ္ပဏီ Digicel Myanmar Ltd ၏ Pre-launch Team အတွက် ယုံကြည်စွာ ရွေးချယ်တာဝန်ပေးခြင်း ခံခဲ့ရသည်။ အူရီဒူးမြန်မာလီမိတက်တွင် လူထုဆက်သွယ်ရေးမန်နေဂျာအဖြစ် တာဝန်ယူခဲ့ပြီးနောက် ၂၀၁၆ တွင် ၎င်း၏ ကိုယ်ပိုင်ကုမ္ပဏီ Thiri Kyar Nyo & Associates Co., Ltd ကို စတင် တည်ထောင်ခဲ့သလို AYA Bank ၏ လက်ထောက်အထွေထွေမန်နေဂျာအဖြစ်လည်း ဆောင်ရွက်ခဲ့ပြန်သည်။

၂၀၁၈ ခုနှစ်တွင် METRO Wholesale Myanmar ၏ ပြည်သူ့ဆက်ဆံရေးနှင့် ဆက်သွယ်ရေးအကြီးအကဲရာထူးကို တာဝန်ယူခဲ့ပြီး နိုင်ငံတကာနှင့်ပြည်တွင်းအဆင့် လုပ်ငန်းအမျိုးမျိုးအတွက် ပြင်ပနှင့် ရုံးတွင်းဆက်သွယ်ရေးတာဝန်များကို အောင်မြင်စွာ ဆောင်ရွက်ခဲ့သည်။ METRO ၏ လူမှုကူညီရေးလုပ်ငန်းများဖြစ်သော အစားအသောက်လှူဒါန်းခြင်း၊ ZERO Plastic policy ကဲ့သို့ ရုံးတွင်းမိတ်ဆက်အစီအစဉ်များတွင် ဦးဆောင်ပါဝင်ခဲ့သည်။

Go to Top