Daw Yi Yi Win2019-10-23T00:46:35+00:00

ဒေါ်ရီရီဝင်း
မြန်မာနိုင်ငံ အမျိုးသမီး အားကစား အဖွဲ့ချုပ် ဒုဥက္ကဌ

မြန်မာနိုင်ငံ၏ ကျန်းမာရေး၊ ကျားမတန်းတူညီမျှရေး၊ သစ်တောနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အသေးစားငွေချေးလုပ်ငန်းစသည့် ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်နေသော Social Vision Services အဖွဲ့၏ ဒုတိယဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်၏ ဒုဥက္ကဌတစ်ဦးလည်း ဖြစ်ပြီး၊ မသန်စွမ်းနှင့် အော်တစ်ဇင် ကလေးများ၊ အမျိုးသမီးများ၏ ရုပ်ပိုင်းစိတ်ပိုင်းနှင့် လူမှုဘ၀တိုးတက်ရေးကို ရှေးရှုဆောင်ရွက်လျက်ရှိသည်။ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေး၊ ကျားမတန်းတူညီမျှရေးနှင့် အားကစားနယ်ပယ်တွင် အမျိုးသမီးများ၏ ကဏ္ဍပိုမိုဝန်ဆံ့လာစေရေးတို့ကို ရည်မှန်းပုံဖော်လျက်ရှိသည်။ မြန်မာနိုင်ငံကာယဗလနှင့် ကာယပညာဖက်ဒရေးရှင်း၏ တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ယူလျက်ရှိပြီး နိုင်ငံတကာအသိမှတ်ပြုဒိုင်လူကြီးနှင့်၊နည်းပြတစ်ဦးလည်း ဖြစ်သည်။ ၂၀၁၉ အာရှနှင့် အရှေ့တောင်အာရှချန်ပီယံရှစ်တွင် ရွှေ၊ ငွေ၊ ကြေးတံဆိပ် အမျိုးမျိုးဆွတ်ခူးခဲ့သော အမျိုးသမီးအားကစားမယ်များကို လေ့ကျင့်မွေးထုတ်ပေးခဲ့ပြီး ကာယအလှမယ်ပြိုင်ပွဲအချို့၏ ဒိုင်လူကြီးအဖြစ်လည်း တာဝန်ယူခဲ့သည်။