Lae Phyu Pyar Myo Myint2019-10-23T04:57:51+00:00

ဒေါ်လဲ့ဖြူပြာမျိုးမြင့်
ပန်းချီဆရာမနှင့် ဂျာနယ်လစ်

အကြီးတန်းသတင်းထောက်နှင့် ပန်းချီဆရာမတစ်ဦးဖြစ်သည်။ ယခုနှစ်အတွက် Myanmar Influencer Awards ဂျူရီအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။

၂၀၀၈ ခုနှစ်အထိ Myanmar Lexicon Star Company နှင့် ဖိုးဝအွန်လိုင်းမီဒီယာတို့တွင် အွန်လိုင်းအယ်ဒီတာအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံ၏ နာမည်ကျော်သတင်းမီဒီယာဖြစ်သော The Myanmar Times တွင် လူမှုဘဝနှင့် အနုပညာ ဆောင်းပါးများစွာကို အင်္ဂလိပ်မြန်မာ နှစ်ဘာသာဖြင့် ရေးသားဖော်ပြလျက်ရှိသည်။ ၂၀၀၃ ခုနှစ်မှ စတင်၍ ပန်းချီဆရာမတစ်ဦးအနေဖြင့် တစ်ကိုယ်တော်ပန်းချီပြပွဲပေါင်း ၃ ပွဲနှင့် အဖွဲ့လိုက်ပန်းချီပြပွဲပေါင်းများစွာတွင် ပါဝင်ပြသခဲ့ပြီးဖြစ်ပါသည်။

Go to Top