Ma Pont2019-10-23T05:55:49+00:00

မပုံ့
ဖက်ရှင်ဒီဇိုင်နာ
My Favorite Fashion နှင့် Zoey Brand ပိုင်ရှင်

မြန်မာနိုင်ငံ၏ အတွေ့အကြုံရင့် နာမည်ကျော်ဖက်ရှင်ဒီဇိုင်နာများထဲမှ တစ်ဦးဖြစ်သည်။ ၁၉၉၄ ခုနှစ်ပြီးနောက် ဖက်ရှင်နယ်ပယ်ထဲသို့ စတင်ဝင်ရောက်ခဲ့သည်။ ကိုယ်ပိုင်အမှတ်တံဆိပ်တစ်ခုအဖြစ် My Favorite ကို ၁၉၉၉ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။

နာမည်ကျော် သရုပ်ဆောင်၊ အနုပညာရှင်များအတွက် ဝတ်စုံများဖန်တီးပေးလျက်ရှိပြီး ပြည်တွင်း ပြည်ပ ဖက်ရှင်ပြပွဲပေါင်းများစွာတွင် ပါဝင်ပြသလျက်ရှိသည်။

ပြည်တွင်း ဖက်ရှင်ဒီဇိုင်းပြိုင်ပွဲများတွင်လည်း ဒိုင်အဖြစ် ဆောင်ရွက်နေပြီး လက်ရှိတွင် စွန့်ဦးတီထွင်ဖက်ရှင်ဒီဇိုင်နာများအသင်း (Fashion Designer Entrepreneur Association – FDEA) ၏ တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ယူလျက်ရှိသည်။