Moh Moh Myint Aung2019-10-21T08:24:24+00:00

ထပ်ဆင့်အကယ်ဒမီ မို့မို့မြင့်အောင်
သရုပ်ဆောင်

မြန်မာ့အကယ်ဒမီ ငါးထပ်ကွမ်းဆုရှင်ဖြစ်ပြီး ၁၉၈၀ မှ ၂၀၀၀ ပြည့်လွန်နှစ်များအတွင်း ထွက်ပေါ်ခဲ့သော နာမည်ကျော်ရုပ်ရှင်အများအပြားတွင် ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်ရင်း နာမည်ကျော်လူကြိုက်များခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် ပထမဆုံးအကယ်ဒမီရွှေစင်ရုပ်ကို ဆွတ်ခူးပြီးနောက် မြန်မာ့ရုပ်ရှင်လောက၏ အောင်မြင်သောခေါင်းဆောင်မင်းသမီးတစ်လက်အဖြစ် ခိုင်မာစွာနေရာရရှိခဲ့ပြီး၊ ပီပြင်ပြောင်မြောက်သော ဇာတ်ကောင်စရိုက်ဖော်ကျူးသရုပ်ဆောင်ပုံများကြောင့်လည်း လူကြိုက်များခဲ့သည်။ မြန်မာ့ရုပ်ရှင်လောကတွင် ဆယ်စုနှစ်ပေါင်းများစွာကြာ အောင်မြင်မှုကို ထိန်းသိမ်းနိုင်သော ရုပ်ရှင်မင်းသမီးအနည်းငယ်ထဲမှ တစ်ဦးဖြစ်သည်။

ယနေ့တိုင် အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပြီး၊ အသက်အရွယ်နှင့်အမျှ လှပကျက်သရေရှိသည်ဟု အသိအမှတ်ပြုခြင်းခံရသလို သင့်လျော်သည့်ဇာတ်ရုပ်များတွင် ဆက်လက်ပါဝင်သရုပ်ဆောင်နေဆဲဖြစ်သည်။ အောင်မြင်မှုကို ရေရှည်ထိန်းသိမ်းနိုင်ကြောင်း သက်သေအဖြစ် ၂၀၀၈ ခုနှစ်အထိ အကယ်ဒမီရွှေစင်ရုပ်ကို ဆွတ်ခူးထားနိုင်ဆဲဖြစ်ပါသည်။