Myo Min Soe2019-10-23T05:56:01+00:00

မျိုးမင်းစိုး
ဖက်ရှင်ဒီဇိုင်နာ

သုဓမ္မမဏိဇောတဓယ မျိုးမင်းစိုးသည် မြန်မာဖက်ရှင်ဒီဇိုင်းလောကတွင် ဆယ်စုနှစ်ကျော်ကြာ အတွေ့အကြုံများနှင့်အတူ အောင်မြင်သော ဖက်ရှင်ဒီဇိုင်နာတစ်ဦး ဖြစ်သည်။ ရွှေသား၊ စိန်၊ ရတနာများကို သုံး၍ တန်ဖိုးကြီးဝတ်စုံများကို ဖန်တီးခြင်း၊ သိန်း ၃,၀၀၀ ကျော် တန်ဖိုးရှိသော စိန်ပုဝါကို ဖန်တီးခဲ့ခြင်းတို့ကြောင့် နာမည်ကျော်သည်။

ဟောင်ကောင်၊ ဘန်ကောက်၊ ချင်းမိုင်တို့တွင် သူ၏ဖန်တီးမှုများကို ပြပွဲများ ပြုလုပ်ပြသခဲ့ပြီး ပြည် တွင်းတွင်လည်း ဖက်ရှင်ပြပွဲ ၁၀၀ ကျော် ပြုလုပ်ထားပြီးဖြစ်သည်။ ကြီးကျယ်ခမ်းနားသောနိုင်ငံတော်အဆင့်ပွဲများတွင် သူ၏ဒီဇိုင်းများကို ဖော်ပြခံရလေ့ရှိပြီး အခြားပြည်တွင်း ဖက်ရှင်ပြိုင်ပွဲများတွင်လည်း ဒိုင်တစ်ဦးအဖြစ် ဆောင်ရွက်လေ့ရှိသည်။