Okkar Oo Thar2019-10-23T05:59:55+00:00

ဥက္ကာဦးသာ
Music Director
စန္ဒယားဆရာ
Lazy Club Band နှင့် Plus Three Band တည်ထောင်သူ

၁၉၈၉ ခုနှစ်ကတည်းက ဂီတလောကသို့ ဝင်ရောက်ခဲ့သည်။ ၁၉၉၃ တွင် ရွှေသံစဉ်နှင့် Odyssey တီးဝိုင်းတို့နှင့် ပူးပေါင်းခဲ့ပြီး သူငယ်ချင်းများဖြစ်သော Lazy Club Band နှင့်လည်း အတူတီးခတ်ခဲ့သည်။ ၁၉၉၅ မှ ၂၀၀၈ ခုနှစ်အထိ Lazy Club Band တစ်ခုတည်း၏ ခေါင်းဆောင်အဖြစ် တေးသီချင်းစီးရီးအများအပြား ရေးစပ်ခဲ့ပြီး ဂီတဖျော်ဖြေပွဲများကိုလည်း စီစဉ်ကျင်းပခဲ့သည်။ ၂၀၀၀ ခုနှစ်တွင် DJ Phyo နှင့်အတူ မြန်မာနိုင်ငံ၏ ပထမဆုံး Remix Album ကို ဖန်တီးခဲ့ပြီး၊ ၈ နှစ်အတွင်း အခြား Remix Album လေးခုကို ဆက်လက်ဖန်တီးနိုင်ခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် Plus Three Band ကို တည်ထောင်ခဲ့ပြီး ၂၀၁၀ တွင် Okka Oo Tha Love Songs Album ကို ဖန်တီးခဲ့သည်။ ယခုအခါ Plus Three Band နှင့်အတူ ရန်ပုံငွေပွဲများ၊ လူမှုဖူလုံရေးလုပ်ငန်းများတွင် တက်တက်ကြွကြွ ပါဝင်လျက်ရှိပြီး TV shows များကိုလည်း တီးခတ်လျက်ရှိပါသည်။

Myanmar Idol အမှတ်စဉ် ၁ မှ ၄ အထိ Music Director အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး၊ လက်ရှိအချိန်တွင် တေးသီချင်းများကို ဆက်လက်တီးခတ်ဖန်တီးလျက်ရှိပါသည်။