U Pyi Wa Tun2019-10-23T04:50:53+00:00

ဦးပြည့်ဝထွန်း (Ken Tun)
အမှုဆောင်အရာရှိ
Parami Energy Group of Companies
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ဝန်ဆောင်မှုအသင်း ဥက္ကဌ

Parami Energy ၏ ဥက္ကဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးပြည့်ဝထွန်းသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေး၊ LPG ဓါတ်ငွေ့၊ နေရောင်ခြည်မှရသောစွမ်းအင်၊ ပြန်လည်ပြည့်မြဲစွမ်းအင်နှင့် သက်ဆိုင်သည်များကို အထူးစိတ်ဝင်စားပါသည်။ Parami Energy သည် World Economic Forum 2015 တွင် Global Growth Company အဖြစ် အသိအမှတ်ပြုခြင်းကို ခံခဲ့ရပါသည်။ Asean India Business Council (AIBC) မှ ချီးမြှင့်သော Asean India Business Excellence Award ကို ၂၀၁၈ ခုနှစ်တွင်ရခဲ့ပါသည်။

ဦးပြည့်ဝထွန်းသည် National University of Singapore (NUS) မှ Master Business Administration နှင့် ရန်ကုန်စက်မှုတက္ကသိုလ်မှ အင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့ပါသည်။ သူစတင်ခဲ့သော ပါရမီ Round Table သည် စီးပွားရေးအကြံပေးအဖွဲ့ (Think Tank) တစ်ခုဖြစ်ပြီး ယင်းအဖွဲ့၏ စွမ်းဆောင်မှုများကြောင့် ၂၀၁၅ ခုနှစ်တွင် ASEAN People Award ကို ရရှိခဲ့ပါသည်။

ပညောဒယ Foundation ကို တည်ထောင်ခဲ့ပြီး ကျေးလက်ဒေသရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းပေါင်း ၁၅၀၀ ရှိ ကျောင်းသားပေါင်း ၃၀၀,၀၀၀ ခန့်ကို ပညာသင်နိုင်ရန် ကူညီထောက်ပံ့ခဲ့ပါသည်။ ထို့အပြင် ဦးပြည့်ဝထွန်းသည် ၂၀၁၇ ခုနှစ်တွင် Forbes မဂ္ဂဇင်း၏ Philanthropist Hero အဖြစ် ဖော်ပြခြင်းကိုလည်း ခံခဲ့ရပါသည်။