ဒေါက်တာ မြတ်စန္ဒာသန့်2019-11-07T17:03:20+00:00

ဒေါက်တာ မြတ်စန္ဒာသန့်
မြင့်မိုရ်မေတ္တာခိုနားရာ ဂေဟာ တွဲဖက်တည်ထောင်သူ
(C12)

ဒေါက်တာမြတ်စန္ဒာသန့်သည် ဓာတ်မှန်အထူးကုဆရာဝန်တစ်ဦးဖြစ်ပြီး ၂၀၁၅ခုနှစ်တွင် မြင့်မိုရ်မေတ္တာပရဟိတအသင်းကို တည်ထောင်ပြီး မိဘမဲ့ဂေဟာတွေကို လစဉ်လှူဒါန်းထောက်ပံ့ပေးနေပြီး သက်ငယ်မုဒိမ်းကြောင့် စိတ်ဒဏ်ရာခံစားနေရသောကလေးများကို ကျောင်းပြန်တက်နိုင်အောင် ကူညီဆောင်ရွက်နေပါသည်။

စစ်ဘေးရှောင်စခန်းများ၊ ဝေးလံခေါင်ဖျားဒေသများတွင် အခမဲ့ဆေးကုသမှုနှင့် ထောက်ပံ့မှုပေးသည့်အပြင် ခင်ပွန်းသည် (သို့) ချစ်သူက စွန့်ပယ်ခြင်းခံရသောအမျိုးသမီးများကို လုံခြုံစိတ်ချစွာမီးဖွားနိုင်ရန် စရိတ်ငြိမ်းကူညီပေးပါသည်။

၂၀၁၇မှာ မြင့်မိုရ်မေတ္တာခိုနားရာကိုတည်ထောင်ကာ အရွယ်မတိုင်ခင် တရားမဝင်ကလေးစွန့်ပစ်မှုကျဆင်းစေရန်၊ မိဘမဲ့ကလေးကျဆင်းစေရန်နှင့် မိဘသစ်ကတရားဝင်မွေးစားနိုင်ရန်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် တွဲဖက်ဆောင်ရွက်နေပြီး မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးကာကွယ်စောင့်ရှောက်ရေးအသင်း၏ ကော်မတီဝင်လည်းဖြစ်ပါသည်။ သူမ၏လုပ်ဆောင်ချက်များအတွက် ၂၀၁၈ ခုနှစ်က ပြည်သူ့ဂုဏ်ရည်အထူးဆုကို ချီးမြှင့်ခံခဲ့ရသည်။

Go to Top