ရဲမြတ်မင်း2019-11-07T17:05:34+00:00

ရဲမြတ်မင်း (B20)

ရဲမြတ်မင်းသည် အသက် ၁၈ နှစ်မှစတင်ကာ အ‌ရှေ့တောင်အာရှနိုင်ငံများမှ လုပ်ငန်းရှင်များအတွက် စားသုံးသူဗဟိုပြုဒစ်ဂျစ်တယ် ထုတ်ကုန်များနှင့် Digital Campaign များ ဆောင်ရွက်ပေးခဲ့ပါသည်။ ဆန်းသစ်တီထွင်မှုအားကောင်းပြီး နည်းပညာကျွမ်းကျင်သော စွန့်ဦးတီထွင်သူတစ်ဦးဖြစ်ကာ မြန်မာ့စီးပွားရေးလုပ်ငန်းများ ဒစ်ဂျစ်တယ်ခေတ် စီးပွားရေးကဏ္ဍတွင် အဆင်သင့်ဖြစ်ရန်နှင့် အောင်မြင်မှုရရှိရန်ရည်ရွယ်ချက်ဖြင့် nexlabs ကို ထူထောင်ခဲ့ပါသည်။ ၂၀၁၆ ခုနှစ်အတွက် Forbes Magazine ၌ အသက် ၃၀ အောက် Enterprise Technology ကဏ္ဍတွင် ထူးချွန်သောလူငယ်အဖြစ် ရွေးချယ်ဂုဏ်ပြုခြင်းခံရပါသည်။ ၂၀၁၈ ခုနှစ်တွင် Myanmar Employer Award မှ ပြည်တွင်းကုမ္ပဏီများသို့ ချီးမြှင့်သည့် Most innovative use of Technology in HR ဆုကို လက်ခံရရှိခဲ့ပါသည်။ Southeast Asia’s Campaign Asia Awards 2019 ဆုကိုလည်း ဆွတ်ခူးလက်ခံရရှိခဲ့ပါသည်။

Go to Top