မင်းခန့်2019-11-07T17:08:44+00:00

မင်းခန့် (ဖက်ရှင်ဒီဇိုင်နာ) (V27)

မင်းခန့်သည် ထိပ်တန်းမြန်မာလူငယ် ဖက်ရှင်ဒီဇိုင်နာတစ်ဦးဖြစ်ပြီး၊ သူ၏ Minimalism အခြေခံဖက်ရှင်ဒီဇိုင်းများကြောင့် လူသိများသည်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Accademia Italianaမှ ဖက်ရှင်ဒီဇိုင်းပညာရပ်ကို ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ မြန်မာဖက်ရှင်လောကကို ၂၀၁၄ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး ခေတ်ရှေ့ပြေးသော ဒီဇိုင်းများဖန်တီးကာ စိတ်လှုပ်ရှားဖွယ်ကောင်းသော မျက်နှာသစ်ဖက်ရှင်ဒီဇိုင်နာတစ်ဦးအဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။ နိုင်ငံတကာဖက်ရှင်ရှိုးအများအပြားတွင် ပါဝင်ပြသခဲ့ပြီး ပြည်တွင်းနှင့် ဒေသတွင်းအမှတ်တံဆိပ်များအတွက်လည်း ပါဝင်ဖန်တီးခဲ့သည်။ သူ၏ “Nouvelle Femme” သည် ၂၀၁၄ ခုနှစ်တွင် Malaysia Mercedes Fashion Week အတွက် ရွေးချယ်ခံခဲ့ရသည်။

Go to Top