ဖြူဖြူကျော်သိန်း2019-11-07T17:12:50+00:00

ဖြူဖြူကျော်သိန်း (ဂီတပညာရှင်) (M24)

ဖြူဖြူကျော်သိန်းသည် အားကောင်းသော အသံပါဝါနှင့် တမူထူးခြားသော စင်မြင့်ဖျော်ဖြေမှုများကြောင့် လူသိများသော ပေါ့ပ်နှင့် ရော့ခ်အဆိုတော်အဖြစ် ငယ်စဉ်ကတည်းက စတင်သီချင်းသီဆိုခဲ့သူဖြစ်သည်။ ကမ္ဘာကျော် ထိုင်းရုပ်ရှင် “Friendzone” အတွက် မူရင်းဇာတ်ဝင်သီချင်းကို အရှေ့တောင်အာရှမှ အခြားအမျိုးသမီးအဆိုတော် ၉ ဦးနှင့်အတူ သီဆိုပေးခဲ့ပြီး၊ အဆိုပါရုပ်ရှင်၏ ဇာတ်ဝင်ခန်းအချို့တွင်လည်း ပါဝင်သရုပ်ဆောင်ပေးခဲ့သည်။

အာရှ၊ သြစတြေးလျ၊ အမေရိကန်နှင့် ဥရောပတစ်ခွင် ဖျော်ဖြေပေးခဲ့ပြီး ၂၀၀၇ ခုနှစ်၊ စင်ကာပူနိုင်ငံတွင်ပြုလုပ်သော 40th Anniversary ASEAN ဖျော်ဖြေပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ဖျော်ဖြေခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ကမ္ဘာကျော်တေးသံရှင် Jason Mraz နှင့်အတူမြန်မာပြည်တွင် ကျင်းပသော MTV EXIT Live တွင် ပရိသတ် ၇၀၀၀၀ ရှေ့မှောက်၌ တိုက်ရိုက်သီဆိုဖျော်ဖြေခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် Dutch Metropole Orchestra နှင့်အတူ Amsterdam မြို့ရှိ MasterPeace Concert ၌ သီဆိုဖျော်ဖြေခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် South Korea’s Galaxy Star သီချင်းဆိုပြိုင်ပွဲတွင် ဒိုင်တစ်ဦးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး ပြိုင်ပွဲ၌ ဝင်ရောက်ဖျော်ဖြေပေးခဲ့ပါသည်။

ထို့အပြင် UNICEF, MTV EXIT, MANA နှင့် Master Peace အဖွဲ့အစည်းများတွင် Celebrity Ambassadorအဖြစ်ခန့်အပ်ခြင်းခံရသည်။

Myanmar Music Association ၏ အထွေထွေအတွင်းရေးမှူးအဖြစ်လည်း ရွေးချယ်ခံခဲ့ရသည်။Myanmar Idol season 4 တွင်လည်း အကဲဖြတ်ဒိုင်တစ်ဦးအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

Go to Top