ဓီရာမိုရ်2019-11-07T17:13:30+00:00

ဓီရာမိုရ် (ဂီတပညာရှင်) (M06)

ဓီရာမိုရ်သည် လူအများလေးစားအသိအမှတ်ပြုရသော တေးရေး၊ တေးဆို၊ ဂီတမှူးနှင့် ဂီတပညာရှင်တစ်ဦးဖြစ်ပြီး ပြည်တွင်းနှင့် နိုင်ငံတကာ ဂီတပညာရှင်များစွာအတွက် ဖျော်ဖြေပွဲများစွာတွင် ဂီတမှုးအဖြစ် စီစဉ်တင်ဆက်ပေးခဲ့ပါသည်။

တစ်ကိုယ်တော်တေးစီးရီး (အယ်လ်ဘမ်) ၄ ခုကို သီဆိုဖြန့်ချီထားပြီး ၂၀၁၃ ခုနှစ် ဆီးဂိမ်းနှင့် ၂၀၁၄ မသန်စွမ်းသူများဆီးဂိမ်းတို့တွင် ဂီတမှူးအဖြစ် ခန့်အပ်ခြင်းခံရကာ ၂၀၁၄ ASEAN Summit တွင် ဂီတဒါရိုက်တာအဖြစ် တာဝန်ယူခဲ့သည်။

လက်ရှိတွင် မြန်မာ့ဂီတတေးသီချင်း ၁၀၀၀ ကို ပြန်လည်အသံသွင်းပြီး ထိန်းသိမ်းဖြန့်ဝေနေသော ဂီတရတနာ အစီအစဉ်နှင့် မြန်မာ့ဂီတကို အမျိုးအစား ၇ မျိုးခွဲ၍ ထိန်းသိမ်းမျှဝေပေးနေသော ဂီတလုပ်ငန်းများကိုဆောင်ရွက်နေပြီး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ဒုတိယပါမောက္ခအဖြစ် တာဝန်ယူလျက်ရှိသည်။

Go to Top